Local News

မန္တလေးကုန်စည်ဒိုင်တွင် သင်္ကြန်အခါနီးကပ်လာခြင်းကြောင့် အရောင်းအဝယ်အေး

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင် ၂၀၂၂ ခုနှစ် ဧပြီလပထမပတ်အတွင်း ပဲမျိုးစုံ၊ ပြောင်းဖူးစေ့ နှင့်၊ ဆီထွက်သီးနှံများအားလုံး အရောင်းအဝယ်အေးနေကြောင်း သိရသည်။ ယခင်တစ်ပတ်က ဘဏ်ပိတ်ရက် ၃ ရက် ဆက်နေခြင်း၊ သင်္ကြန်အခါနီးလာခြင်းတို့ကြောင့် အရောင်းအဝယ် အေးနေသည်။

(၃)တင်း တစ်အိတ်ဈေးနှုန်းများအား ယခင်လ ကာလတူဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပြောင်းဖူးစေ့ တစ်အိတ်လျှင် ယခင်လထက် ၉၀၀၀ကျပ် ဈေးနိမ့်လာပြီး နှမ်းမျိုးစုံ တစ်အိတ် ကျပ် ၁၀၀၀၀ ကျပ်ဈေးမြင့်လာခဲ့သည်။

ကုလားပဲ တစ်အိတ် ကျပ် ၄၀၀၀ မှ ၅၅၀၀၊ မတ်ပဲ တစ်အိတ် ကျပ် ၁၀၀၀၀၊ပဲယင်း တစ်အိတ် ကျပ် ၅၀၀၀၊ ပဲစင်းငုံ တစ်အိတ် ကျပ် ၆၀၀၀ ဈေးမြင့်လာခဲ့သည်။

ယနေ့ ၄.၄.၂၀၂၂ ရက်နေ့တွင် မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲ အချို့ နှင့် ဆီထွက်သီးနှံများ အရောင်းအဝယ်မဖြစ်၍ ‌ဈေးနှုန်းဖော်ပြနိုင်ခြင်း မရှိကြောင်း တွေ့ရသည်။

သင်္ကြန်အခါတွင်း၌ ကုန်စည်ဒိုင်များ၊ပွဲရုံများ၊ဈေးများပိတ်၍ အရောင်းအဝယ်များ ရပ်နားမည်ဖြစ်ရာ ဧပြီလ ပထမပတ် မှ ဒုတိယပတ် သင်္ကြန်ပြီးချိန်အထိ အရောင်းအဝယ် ဆက်လက်အေးနေမည် ဖြစ်ကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News